MFCCI အသင်းဝင်ခြင်းအကျိုးကျေးဇူးများ

ကိုယ့်ကုမ္ပဏီက နိုင်ငံခြားနဲ့ Export/Import လုပ်မယ်ဆိုရင် လိုင်စင်လုပ်တဲ့အခါ လွယ်ကူချောမောစေဖို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အသင်းဝင်ထားဖို့တော့ လိုမယ်နော် ..... 📝 

UMFCCI member ဝင်ထားရင် ဘာတွေအကျိုးထူးမှာလဲ ... 
 1. Country of Origin လက်မှတ် ထုတ်ယူနိုင်ခြင်း။ 
2. Export/Import လိုင်စင် လျှောက်ထားရာတွင် အဆင်ပြေချောမွေ့ခြင်း။ 
3. နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ခြင်း။ 
 4. အသင်းချုပ်မှ ဖိတ်ကြားထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများသို့ တက်ရောက်ခွင့်ဆွေးနွေးခွင့်နှင့် အကြံပေးခွင့်ရှိခြင်း။ 
 5. အသင်းချုပ်က စီစဉ်သော ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများ စသည်တို့တွင် ပါဝင်တက်ရောက်ဆည်းပူးလေ့လာခွင့် ရှိခြင်း။ 
 6. အသင်းချုပ်က စီစဉ်ပြုစုဖြန့်ဝေသော သတင်းအချက်အလက်များ စာရွက်စာတမ်းများကို လက်ခံရယူနိုင်ခွင့် နှင့် ဝန်ဆောင်မှုများကို ခံစားခွင့် ရှိခြင်း။ 
 7. တွဲဖက်အသင်းသားနှင့် ဂုဏ်ထူးဆောင် အသင်းသားများမှအပ ကျန်အသင်းသားများသည်အသင်းချုပ်၏ အသင်းသားစုံညီ အစည်းဝေးနှင့် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် ဖိတ်ကြားချက်အရ ဆွေးနွေးခွင့်၊ မေးမြန့်ခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့် မဲဆန္ဒပေးခွင့်ရှိခြင်း။ 
 8. အသင်းချုပ်၏ တိုးတက်ကြီးပွားအောင်မြင်ရေးကို ရှေးရှု၍ ကောင်းမြတ်သော အကြံဉာဏ်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိခြင်း။ 
 9. အသင်းချုပ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့် ရှိခြင်းနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိခြင်း။ 
 10. အသင်းသားတစ်ဦးသည် သာမန်အားဖြင့် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲ တစ်မဲပေးခွင့် စသော အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။ (Ref : UMFCCI) 

#UMFCCI member ဝင်ဖို့ ဘာတွေလိုလဲ ... 📌 ကုမ္ပဏီမှတ်ပုံတင် မူရင်း 📌 ကုမ္ပဏီဒါရိုက်တာစာရင်း 📌ကိုယ်စားလှယ်လွှဲအပ်ခြင်း ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း 📌နှစ်စဉ်ကြေးပေးဆောင်ပြီးသော သက်တမ်းရှိအသင်းသား(၂)ဦးရဲ့ ထောက်ခံချက် မိတ်ဆွေတို့ UMFCCI အသင်းဝင်ပြီးပြီလား? အသင်းဝင်ဖို့ လိုအပ်နေပြီဆိုလျှင် Moe Dae War Law Firm ကိုသာ ဆက်သွယ်လိုက်ပါ။

0 Comments